Tuesday, January 8, 2013

ယခု ပျော်ဘွယ်မှာ ------------------

ပျော်ဘွယ်-နတ်မောက်,ပျော်ဘွယ်-ရန်ကုန်, ပျော်ဘွယ်-မန္တလေးစသည့် လမ်းများဆုံရာ မြို့ တွင်းလမ်းဆုံအား နှစ်ဉီးအကြို ပြုပြင်ပြောင်းလဲနေပြီဖြစ်ကြောင်း
Pyawbwe Town မှသတင်းကောင်းပါအပ်ပါသည်ခင်ဗျာ။

အ.ထ.က (၁) ပျော်ဘွယ် အား Google Map မှ မြင်ရပုံ



Sunday, January 6, 2013

ဆရာဟူသည်

 အတတ်လဲသင်  ပဲ့ပြင်ဆုံးမ
   သိပ္ပမချန်         ဘေးရန်ဆီးကာ
   သင့်ရာအပ်ပို့     ဆရာတို့ ဟု
   ရှေးကဆိုထား  ဝတ်ငါးပါးကို
   တစ်ပါးမယွင်း   ပြည့်စုံခြင်းဖြင့်
   ကျောနှင့် ရင်သား  မခွဲခြားဘဲ
   တပည့်များကို  စေတနာပိုစွာ
   ညွှန်ကာလမ်းပြ  ဆိုဆုံးမသည်---
   ကျေးဇူးကမ္ဘာ   အိုဆရာ ။            ။

၂၀၁၃ ခုနှစ် ၊ နှစ်ကုန်ပိုင်းတွင် မြတ်ဆရာ ပူဇော်ပွဲကျင်းပနိုင်ရန်

 ၂၀၀၅ ခုနှစ် ပညာသင်နှစ်တွင်  တက္ကသိုလ်ဝင်တန်းသို့  တက်ရောက်ပညာသင်ကြား ခဲ့ကြသော

ပျော်ဘွယ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(၁)(ကျောင်းကြီး) မှ

ကျောင်းသား / ကျောင်းသူများ သိရှိစေရန်  

နှင့် 

လိုအပ်သည်များ စုပေါင်း၍ လုပ်ဆောင်နိုင်အောင် 

နီးစပ်ရာ သူငယ်ချင်းများ အချင်းချင်း ဆက်သွယ်ကြပါရန် အသိပေးနှိုးဆော်အပ်သည်။



ပျော်ဘွယ်မြို့ အ.ထ.က(၁)(ကျောင်းကြီး)တွင် ၂၀၀၅ ခုနှစ် ပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်းကို ပညာသင်ကြားခဲ့သောကျောင်းသား / ကျောင်းသူများအတွက်
 
-----------------မြတ်ဆရာပူဇော်ပွဲကျင်းပရေးနှိုးဆော်ခြင်း---------------

ပညာရေးအတွက်

http://www.maukkha.org/index.php/book-store/essay-maukkha/2821-facebook

အွန်းလိုင်းမှ ဘောလုံးပွဲများတိုက်ရိုက်ကြည့်ရူကနိုင်ရန်

http://www.ustream.tv/user/columbusstate

Tuesday, December 18, 2012

Oppa Gangnam Style




ပျော်ဘွယ်မြို့နယ်အတွင်းမှ သလျင်တောရ ထူးချင်းဖူးလိုက် ဓါတ်တော်တိုက်

ပျော်ဘွယ်မြို့ ယင်းတော်ရွာမ ထူးချင်ဖူးလိုက်ဓါတ်တော်တိုက်
Like · ·

2013 - 27th SEA Game Myanmar Music



မွေးနေ့မှာပျော်ရွှင်ကြပါစေ


၂၀၁၂ ဆိုတဲ့နှစ်ကို Good Bye လို့ ပြောရမယ့်


၂၀၁၂ ဆိုတဲ့နှစ်ကို Good Bye လို့ ပြောရမယ့် လကို ရောက်လာပြီနော်။ တစ်နေ့တာ၊ တစ်ပတ်တာ အလုပ်တွေကြား၊ လူမှုရေး လှုပ်ရှားမှု တွေကြား ဖြတ်သန်းရင်း နှစ်တွေ ကလည်း တစ်နှစ်ပြီး တစ်နှစ် ပြောင်းလဲ နေတာပါ။
ပြောင်းလဲမှု များစွာ ကြုံတွေ့ရတဲ့ ၂၀၁၂ ရဲ့ဒီဇင်ဘာလ ရွှေအမြုတေ မဂ္ဂဇင်းရဲ့ မျက်နှာဖုံး ရှင်က ၀တ်မှုံရွှေရည် ဖြစ်ပါတယ်။ ၀တ်မှုံရွှေရည်က အခု နောက်ပိုင်းမှာ ဇာတ်ကား ရိုက်ကူးရေး ဘက်ကို အချိန် တော်တော်လေး ပေးဖြစ် နေပါတယ်။ ကြော်ငြာ မော်ဒယ်လ် အနေနဲ့ အချိန် တော်တော် ကြာကြာ ရပ်တည်ရင်း ၀တ်မှုန် မျှော်တဲ့ လိပ်ပြာ ဇာတ်ကားနဲ့ သရုပ်ဆောင် လောကထဲ ၀င်ရောက် လာတယ် ဆိုတာ ပရိသတ်တွေ သိထားပြီး သားဖြစ်မှာပါ။ ဇာတ်ကား ရိုက်ကူး မှုတွေ မအားတဲ့ ကြားကနေဘဲ ၀တ်မှုံရွှေရည် က ရွှေအမြုတေ မဂ္ဂဇင်း အတွက် ဓာတ်ပုံများကို ပုဂံမှာ အချိန်ပေး ရိုက်ကူး ပေးခဲ့ ပါတယ်။ ပုဂံမှာ ဗီဒီယို ဇာတ်ကား ရိုက်ရင်း ရတဲ့ အချိန်လေး အတွင်းမှာ လုပြီး ရိုက်ပေး ထားတာပါ။
ဝတ်မှုံရွှေရည်ရဲ့ ဓာတ်ပုံ တွေကို ရိုက်ပေးတဲ့ ဓာတ်ပုံ ဆရာက ရွှေအမြုတေ မဂ္ဂဇင်းမှာ မပါဖူး သေးတဲ့ ဓာတ်ပုံဆရာ တစ်ယောက်ပါ။ ရွှေအမြုတေ အတွက် ကူညီပေးရုံ သက်သက် ရိုက်ကူး ပေးထားတာ ဖြစ်သလို ဓာတ်ပုံတွေကို ကြည့်ရင် ရသ တစ်မျိုး ခံစား ရမယ်လို့ ထင်ပါတယ်။ ၀တ်မှုံရွှေရည် ကို ရွှေအမြုတေ မဂ္ဂဇင်း အတွက် တွေ့ဆုံ မေးမြန်းတဲ့ အချိန်မှာ ၀တ်မှုံရွှေရည် က ရေယုန်တွေ ပေါက်နေ သလို သွေးပေါင် တွေလည်း ကျနေတယ်လို့ သိရပါတယ်။ နေမကောင်း ဖြစ်နေ ပေမယ့် ဇာတ်ကားရိုက် လက်ခံထားတာ ရှိတာကြောင့် ရှုတင် ပေါ်မှာပဲ ရှိနေ ပါတယ်။

၂၀၁၂ ကုန်တော့မှာ ဆို တော့ ၂၀၁၃ အတွက် ဘယ်လို အစီအစဉ် တွေ ချထားပြီလဲ။
၂၀၁၃ ခုနှစ်မှာ ၂၀၁၂ လောက် ကားရိုက် လက်မခံ တော့ဘူး။ ၂၀၁၂ မှာ ကစ်က ကားရိုက် ဘက်ကို ပိုဦးစား ပေးလိုက်တယ်။ ကားရိုက်နဲ့ ကြော်ငြာပေါ့၊ ကားရိုက် ဆိုရင် အဆက်မပြတ် အောင် အရင်နှစ်တွေ ကထက် ပိုလက် ခံတယ်။ အဓိက ကတော့ ပရိသတ်တွေက အရင်နှစ်မှာ ကစ်ရဲ့ကားတွေ နည်းတယ် ပြောလို့ ဒီနှစ်မှာ အားစိုက် လိုက်တာ။ နောက်နှစ် ကျရင် တော့ သေချာ စိစစ်ပြီး ရိုက် သွားမယ့် Plan လေးတော့ ရှိတယ်။ အခြား ကိစ္စတွေ အတွက် ကစ်က အချိန်ပေး ရဦး မှာလေ။

အခြား ကိစ္စတွေ လေ့လာ ဖို့ဆိုတာ ဘယ်လို ကိစ္စ တွေလဲ။
ကိုယ့်အနု ပညာနဲ့ ပတ်သက်တာ တွေပါပဲ။ အခုကျတော့ ကိုယ်ပိုင် အချိန်မရှိ သလောက်ပဲ ဆိုတော့ ဥပမာ- ကိုယ်ပိုင် အချိန် ဆိုရင် စာအုပ်ဖတ် တာပဲ ဖြစ်ဖြစ်၊ ရုပ်ရှင် ကြည့်တာပဲ ဖြစ်ဖြစ်၊ အားကစားနဲ့ ပတ်သက် တာပဲ ဖြစ်ဖြစ် ကိုယ့်အတွက် လေ့လာ ရမယ့် ဟာ၊ လုပ်ရမယ့် ဟာတွေရှိ သေးတာကိုး။ ၂၀၁၂ မှာ ကားရိုက်၊ ကြော်ငြာရိုက်၊ ဓာတ်ပုံရိုက်တွေ လုပ်ထားတာ ဆိုတော့ အပြင် ဗဟုသုတ တွေ ရှိဖို့ လိုအပ်တယ် ထင်တယ်။ ကစ်က နှစ်လ၊ သုံးလ လောက် ဘန်ကောက်မှာ ပဲဖြစ် ဖြစ် သင်တန်းတွေ တက်ချင် တယ်။ အဲဒီလို ၂ လ၊ ၃ လက အဆက်အသွယ် ပြတ်သွား မှာပဲ ၁ လလောက်နဲ့တင် အဆက် အသွယ်က တော်တော် ပြတ်တယ် ဆိုတော့ ဖြစ်ချင်တာတွေ ရှိပေမယ့် မဖြစ်နိုင်ပါဘူး။ လောလောဆယ် တော့ မဖြစ်နိုင် သေးပါဘူး။

ဝတ်မှုံရွှေရည် အနေနဲ့ ဇာတ်ကားတွေ စရိုက်တုန်းက ဇာတ်ကား နည်းနည်းလေးပဲ ရိုက်ခဲ့ရင်း ကနေ တဖြည်းဖြည်းနဲ့ ဒီလောက ထဲကို ထဲထဲဝင်ဝင် ရောက်လာတယ်။
ဒီအလုပ်က အသက် မွေးဝမ်းကြောင်း လိုလည်း ဖြစ်သွား တာကိုး။ စလုပ်ချိန် က ကလေးဆိုတော့ အပျော်ပဲ၊ ဒီအလုပ်ကို လုပ်ရတာ ပျော်လည်း ပျော်တယ်။ မင်းသမီး ဖြစ်ချင် တယ်ပေါ့။ ဒါပေမဲ့ ဒီအလုပ်ကို တကယ် လုပ်မယ်လို့ ဆုံးဖြတ် လိုက်ချိန်မှာ အကောင်းဆုံး ဖြစ်အောင် လုပ်မယ် ဆိုတဲ့ စိတ်တွေ ရှိလာတာက ဗီဒီယို ကားတွေ ရိုက်ချိန်မှာ။ အရင်က ကြော်ငြာလောက်၊ ဓာတ်ပုံလောက် ပဲဆိုတော့ Tension မများ ရဘူး။ ဇာတ်ကားတွေ စရိုက်တဲ့ နောက်ပိုင်းမှာ Tension တွေက အများကြီး၊ အလုပ် အတွက် စဉ်းစားဆုံး ဖြတ်ရတာ တွေရော၊ လူတွေနဲ့ ဆက်ဆံရ တာတွေရော၊ ပတ်ဝန်းကျင် တွေက အများကြီး ဖြစ်သွားတယ်။ အရင်တုန်းက လိုတော့ ပေါ့ပေါ့တွေး လို့မရဘူး။
အနုပညာ လောကထဲကို ရောက်လာချိန် မှာဘယ်လို သင်ခန်းစာတွေ ပိုပြီး ရလာလဲ။
ကြုံဖူးတာ တွေရော၊ မကြုံဖူးတာ တွေရော အများကြီးပဲ။ သင်လို့ကို မဆုံး နိုင်ပါဘူး။ တစ်ခုပြီးတစ်ခု သင်ခန်းစာတွေ တိုးတိုးလာ သလိုပဲ။ စာအုပ်ဖတ် သလို မရိုးရဘူး။ ၀တ်မှုံနဲ့ ပတ်သက်ပြီး သတင်းကောင်း တွေရော၊ သတင်းဆိုး တွေလည်း ထွက်တာ တော်တော်များ တယ်နော်။ ဟုတ်တယ်။ ကောလာ ဟလနဲ့ ပတ်သက်ပြီး ကစ်မှာ ကံဇာတာ ပါတာ ထင်တယ်။ စွပ်စွဲခံရ တာမဟုတ်ဘဲ အပြောခံ ရတာတို့ဆို အရမ်း အပြောခံ ရတယ်။ အရင်တုန်း ကဆို အရမ်း စိတ်ညစ်တယ်။ တစ်ခါတလေ အလုပ်လည်း မလုပ် ချင်ဘူး။ တစ်ယောက်တည်း ငိုယိုပြီး အိမ်မှာလည်း အဲဒီလိုပဲ၊ အရင်ကဆို စိတ်ကို တော်တော် မထား တတ်တာ။ အိမ်ကလည်း ဘာမှ လုပ်ပေးလို့ မရဘူး။ Depression တွေ ၀င်တာပေါ့။ နောက်ပိုင်း ကျတော့ ကိုယ်မှ မဟုတ်တာ၊ အနုပညာ သမားတိုင်းက ကောလာ ဟလနဲ့ ကြုံရမယ် ဆိုတဲ့စိတ်နဲ့ ဖြေသိမ့် ရတာပေါ့။ အမှန်အတိုင်း ပြောရရင် ပရိသတ် အထင်လွဲ သွားမှာတော့ ကြောက်တယ်။ ကောလာ ဟလ ဆိုတာကို တချို့တွေက နားလည်တယ်။ နားမလည် တဲ့သူတွေ ကျတော့ တစ်မျိုး ထင်သွားမှာ အမှန်အတိုင်း ပြောရရင် စိုးရိမ်တယ်။ ကစ်ကစ်က အဓိပ္ပာယ် မရှိတဲ့ ဟာတွေနဲ့ ကြီးကြီးမားမား တွေပဲ ထွက်တယ်။ ကစ်ကစ် ကိုက အဲဒါနဲ့ ပတ်သက်ရင် ကံမကောင်း တာပါ။
ကိုယ့်ရဲ့ Personal ပိုင်း၊ ဂုဏ်သိက္ခာ ပိုင်းကို ကိုယ်တိုင်က ထိန်းသိမ်းတယ် ဆိုပေမယ့် ပတ်ဝန်းကျင်ရဲ့ လှုပ်ခတ်မှု ဆိုတာတွေ ရှိတော့ ဘယ်လို ဆင်ခြင် သင့်တယ် ထင်လဲ။

ပြောရရင် ကစ်ကစ် လောက် ဆင်ခြင်တာ ကစ်ပဲ ရှိတယ်။ အနေ အထိုင်လည်း ဆင်ခြင်တယ်။ အပြင်တွေ ဘာတွေ သွားတယ် ဆိုရင် လူများတဲ့ နေရာတွေဆို ရှောင် တယ်၊ မသွားဘူး။ အပြောခံ ရမယ့် အလုပ်တွေ ဆိုရင် ကစ် ဂရုစိုက် တယ်။ နောက်ဆုံးကျ တော့ ဘယ်လို ဖြေသိမ့်လဲ ဆိုတော့ ကိုယ့် လိပ်ပြာ ကိုယ်သန့် တယ်။ မဟုတ်တာလည်း မလုပ်ဘူး။ မိဘရဲ့ အဆုံးအမ အောက်မှာလည်း နေတယ်။ ရှုတင်မှာ ဆိုလည်း မေမေ လိုက်တယ်။ အမြဲတမ်း ထိန်းထိန်း သိမ်းသိမ်းနေတယ်။ ကိုယ့်အကျင့် သိက္ခာကိုလည်း တန်ဖိုးထားတယ်။ ကိုယ့် ကိုယ်ကိုလည်း တန်ဖိုးထား တယ်။ ကိုယ့်ကိုယ်ကို တန်ဖိုး ထားမှ သူများတွေ ကလည်း တန်ဖိုးထား မှာလေ။ ကိုယ့် မိဘ၊ ကိုယ့် အသိုင်းအ၀ိုင်း သိက္ခာကျ မယ့်အလုပ်မျိုး၊ မျက်နှာပျက် ရမယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး။

အချစ်ရေးနဲ့ ပတ်သက် ပြီး ၀တ်မှုံ ဘက်က ဘယ်လို ခံစားချက်တွေ ရှိသေးလဲ။ အချစ်ကို စိတ်နာ နေပြီလား။
အချစ် ဆိုတာ ပူလောင် တာပါပဲ။ အေးချမ်းတဲ့ အချစ် မျိုးကိုပဲ လိုချင်တယ်။ ပူ လောင်တဲ့ အချစ်မျိုးကို မလို ချင်ဘူး။ တစ်ယောက် နဲ့တစ်ယောက် ကံဇာတာ ချင်းက မတူဘူး လေ။ အချစ်နဲ့ပတ် သက်ရင် အေးချမ်း ချင်တယ်။

နောက်ပိုင်း ကြုံလာမယ့် အချစ် တွေအပေါ် ဘယ်လို ယုံကြည်မှု ရှိမလဲ။

ယုံရမှာ ကြောက်တယ်။ ယုံလည်း မယုံရဲဘူး။ စိတ် ဆင်းရဲ ရမှာတို့၊ ပူလောင် ရမှာတို့၊ အလိမ်ခံ ရမှာလည်း ကြောက်တယ်။

အချစ်က နေပြီး ၀တ်မှုံ ရတဲ့ သင်ခန်းစာ တွေက ဘာတွေလဲ။
သင်ခန်းစာ ရယ်လို့ မဟုတ်ပါဘူး။ တစ်ခါ တလေ ကျရင် ခွန်အားလည်း ဖြစ်စေတယ်။ ရင့်ကျက်မှု လည်း ဖြစ်စေတယ်။ လူ့ အကြောင်း ဆိုတာ ပေါင်း ကြည့်မှ သိတာလေ။ ကစ်ကစ်က ဂျီကျတယ်၊ ကလေး ဆန်တယ်။ မသိ တော့ပါဘူး။ ကစ်ကစ်က အချစ်ရေးမှာ ကံ မကောင်းပါဘူး။ အပျံသင်စ အရွယ်မှာ ဒဏ်ရာရသွား တယ်လို့ ပြောလို့ ရလား မသိ ပါဘူး။ Definition က ကြီး လွန်း အားကြီးတယ်။ အချစ်နဲ့ ပတ်သက်ရင် ဘာပြော ရမှန်း တောင် မသိဘူး။

ဝတ်မှုံရွှေရည် က ၂၀၁၂ ဒီဇင်ဘာလ ကုန်မှာ ပြည်ပကို အပျော် ခရီး ထွက်ဖို့ စဉ်းစား ထားပါတယ်။ ဇာတ်ကား ရိုက်ကူးရေးတွေ ဆက်နေတာ ကြောင့် အနားယူတဲ့ သဘော အနေနဲ့ ထွက်မှာပါ။ ၂၀၁၃ မှာ ဇာတ်ကား ရိုက်ရေးကို လျှော့မယ် ဆိုတဲ့ ၀တ်မှုံရွှေ ရည်က ဒီနှစ်ပိုင်းထဲမှာ လူမှုရေး အရ သော်လည်း ကောင်း၊ ဇာတ်လမ်း ပြောင်းလဲလို့ မရလို့ သော်လည်းကောင်း ရိုက်ဖြစ် လိုက်တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။ ကိုယ်တိုင် အားမရ တာကြောင့် ကြည့်တဲ့ ပရိသတ်တွေ အချိန်ပေးပြီး မတန်မှာတွေ စိုးရိမ် လာပါ တယ်။

ဒီလို စိတ်မျိုးတွေရှိ တာကြောင့် သေချာ စိစစ်ရွေး ချယ်ဖို့ ဆုံးဖြတ်တာလို့ သိရပါတယ်။
ဒါရိုက်တာ ၀င်းထွန်းထွန်းနဲ့ ဗီဒီယို ဇာတ်ကား ရိုက်ရင်း မေးမြန်း သမျှကို ၀တ်မှုံရွှေရည် က ဖြေကြား ပေးခဲ့တာ ဖြစ်ပါတယ်။ အချိန်ပေး ဖြေကြားပေး တဲ့အတွက် ကျေးဇူး အထူးတင် ရှိပါတယ်။ မျက်နှာဖုံး ဓာတ်ပုံ ရိုက်ကူးပေးတဲ့ ဓာတ်ပုံဆရာ ကိုလည်း Special Thanks ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူလည်း မအားတဲ့ကြားထဲ ကနေ ရွှေ အမြုတေ အတွက် ကူညီရိုက် ကူးပေးလို့ ဖြစ်ပါတယ်။ ဓာတ်ပုံ ဆရာကို အနုပညာ အသိုင်းအ၀ိုင်း ကတော့ တော်တော် များများ သိကြမှာပါ။

ပရိသတ်တွေ ကတော့ ဒီနာမည်ကို သိပ်မရင်းနှီး သလို အမှတ်တမဲ့ ဖြစ်နေမယ် ထင်ပါတယ်။ ပြောလိုက်ရင် ပရိသတ်တွေ အံ့သြ သွားမယ် ထင်ပါတယ်။ ဒါပေမဲ့ ဓာတ်ပုံ ဆရာက သူ့နာမည်ကို မဖော်ပြ စေချင်ပါဘူး။ ညီလေး ဆိုတဲ့ နာမည်က သူပန်းချီ ဆွဲတဲ့ နာမည် ဖြစ်လို့ ဒီနာမည်ကိုပဲ တပ်ပါလို့ ကာယကံရှင်က ပြောထားတဲ့အတွက် သူ့နာမည် အရင်း၊ အနုပညာ အမည်ကို မပြောပြ တော့ပါဘူး။ ၀တ်မှုံရွှေရည်က ရွှေအမြုတေ မဂ္ဂဇင်း ဓာတ်ပုံများကို နေတိုးနဲ့ ပုဂံမှာ ဗီဒီယို ဇာတ်ကား ရိုက်ရင်း ရိုက်ကူး လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်ပုံ ရိုက်ကူးမှုမှာ ပါဝင်သူ အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။ ရွှေအမြုတေ ပရိသတ်များလည်း ဓာတ်ပုံ ရိုက်ကူးသူက ဘယ်အနု ပညာရှင် ဖြစ်မယ်ဆိုတာ စဉ်းစားရင်း ခေါင်းရှုပ် နိုင်ပါစေ။
 ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)

အနုပညာသမား တစ်ယောက်ဖြစ်လို့

အနုပညာသမား တစ်ယောက်ဖြစ်လို့ အလှအပဟာ ငါးဆယ် ရာခိုင်းနှုန်း အရေးပါတယ် ဆိုတဲ့ ယုသန္တာတင် PDF Print E-mail

အနုပညာ ပျိုးခင်းရဲ့ စင်တင် မင်းသမီး မဖြစ်ခင် ကတည်းက လှပတဲ့ မျက်နှာလေးနဲ့ သွယ်လျတဲ့ ခန္ဓာကိုယ် အချိုးအစားတွေကြောင့် ဆယ်ကျော်သက်တွေကြား ခေတ်စားခဲ့တဲ့ မင်းသမီးလေးက ယုသန္တာတင်ပါ။

ယုသန္တာတင်က မျက်လုံး ပြင်ရတာကို အကြိုက်ဆုံး ဖြစ်ပြီး သူမရဲ့ လတ်တလော အကြိုက်ဆုံး ပြင်ဆင်မှုက မိတ်ကပ် လျှော့လိမ်းပြီး မျက်နှာပြောင်မှာ အိုင်းလိုင်နာ ထူထူဆွဲကာ နှုတ်ခမ်း အတွင်းသားလေး နီနေတဲ့ ပုံစံမျိုးလေးလို့ ဆိုပါတယ်။ မင်းသမီးလေးဟာ သနပ်ခါး အလိမ်းနည်းပြီး Skin Care ပုံမှန်သုံးကာ Toner နှင့် Moisture တစ်ခုခုသာ လိမ်းဖြစ်ပါတယ်လို့ ပြောပါတယ်။ အလှအပဟာ မိမိ ဘ၀ရဲ့ဘယ်နေရာ၊ ဘယ်အဆင့်မှာ ပါဝင်သလဲ ဆိုတော့“သာမန်လူတစ် ယောက်ဖြစ်ခဲ့ရင်တော့ အလှအပက သိပ်အရေး မပါဘူးပေါ့။အနုပညာ အလုပ်ကို လုပ်နေတဲ့သူဖြစ်တဲ့အတွက် အလှအပက ရာနှုန်းပြည့် မဟုတ်ပေမဲ့
၅၀ ရာခိုင်နှုန်းတော့ အရေးပါပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

ပရိသတ် မိန်းကလေးတွေ အတွက် အလှအပနဲ့ ပတ်သက်တဲ့ အကြံပေးချက်လေးကတော့ အရမ်းကြီး လှနေဖို့ဆိုတာထက် အဓိက အနေနဲ့ သပ်သပ်ရပ်ရပ် နေတတ် စေချင်ပါတယ်တဲ့။ ဘယ်လောက်ဈေးကြီးတဲ့ အလှပြင် ပစ္စည်းတွေ အသုံးပြုထားပါစေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းမယ်ဆိုရင် အဆင် မပြေနိုင်ပါဘူးတဲ့။ ဒါကြောင့် ပြင်ပမှာရော အတွင်း အရည်အချင်းပါ ရှိဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

အ၀တ်အစားကို ခုံမင်သူ ယုသန္တာတင်က ကျောင်းတက်တဲ့ အချိန်ကတည်းက မုန့်ဖိုးတွေ စုပြီး အ၀တ်အစားတွေ ၀ယ်ဝတ်ခဲ့တဲ့ သူပါ။ ယခု အနုပညာ အလုပ်ကို လုပ်ဖြစ်တဲ့ အချိန်မှာ အ၀တ်အစားတွေ ပိုဝယ်ဖြစ်ပြီး အ၀တ်အစား Brand မရွေး ၀ယ်စုဖြစ်တယ်လို့ သိရတော့ ဘယ် Style ကို အကြိုက်ဆုံးလဲလို့ မေးဖြစ်ပါတယ်။

“Style က အရမ်းကြီး ဟော့ရှော့ ခေတ်မီနေတယ် ဆိုတာထက် ခပ်ရိုးရိုး ဒီဇိုင်းလေးတွေကို ပိုသဘော ကျပါတယ်။ ထသွားထလာ ဘယ်လိုပဲ သွားသွား သွားရတာ အဆင်ပြေတဲ့  ပုံစံတွေကို သဘော ကျပါတယ်”လို့ ဖြေပေးခဲ့ပါတယ်။ ယုသန္တာတင်ရဲ့အလှအပ ပြင်ဆင်မှုဟာ ကျောင်းတက်ခဲ့တဲ့ အရွယ်နဲ့ အနုပညာ လောကထဲ ၀င်ရောက်တဲ့ အချိန် သိသိသာသာ ကွာခြားမှု မရှိဘူးလို့ သိရပါတယ်။  ကျောင်းတက်တဲ့ အချိန်တုန်းက မိတ်ကပ် မလိမ်းခြယ်ခဲ့ဘဲ အနုပညာ အလုပ်လုပ်တဲ့ အချိန်မှာတော့ သွားသွားလာလာ သတိထား အစစ အရာရာ ဖြီးလိမ်း ပြင်ဆင်မှုတွေတော့ ရှိတယ်လို့ ဆိုပါတယ်။

အ၀တ်အစား ဟော့ဟော့ရမ်းရမ်း ၀တ်ဆင်သူတို့ အပေါ် ယုသန္တာတင်ရဲ့ အမြင်လေး မေးကြည့်မိတော့  “ခေတ်မီမီ ၀တ်မှ လှတယ်ဆိုတာ တချို့တွေက ၀တ်ရင် တကယ်လှတယ်။ အဲဒီတော့ ကိုယ်နဲ့ လိုက် ဖက်တဲ့  အ၀တ်အစားကို ရွေးပြီးဝတ်ပေါ့။ အရမ်း ခေတ်မီတဲ့ အ၀တ်အစားတွေကို သွားမယ့်နေရာနဲ့ ကြည့် ပြီးဝတ်ပေါ့။ ကြည့်ပြီးဝတ်မယ် ဆိုရင်တော့ ဘာပဲ ၀တ်ဝတ် အဆင်ပြေမှာပါ”လို့ ဆိုပါတယ်။ သင်္ကြန် အတွင်း အ၀တ်အစား ပြဿနာများ အပေါ် ယုသန္တာတင်ရဲ့ ခံယူမှုလေး မေးကြည်တော့ လူငယ် တစ်ယောက် ဖြစ်တာကြောင့် ခေတ်မီမီဟော့ ရှော့များ ၀တ်စားရတာကို ကြိုက်နှစ်သက်ပေမဲ့ သူများ အမြင်မရိုင်းအောင် ၀တ်ဖြစ်ကြောင်း ပြောပါတယ်။   

ယုသန္တာတင်က အနုပညာပျိုးခင်း မင်း သား ၅ ယောက်စလုံးနှင့် ၅ ကားရိုက်ကူးပြီး နောက်တစ်ကျော့ ပြန်လည် ရိုက်ကူးဖို့ စောင့် ဆိုင်းနေချိန် ကြော်ငြာများ လက်ခံရိုက်ကူးနေ တယ်လို့ ပြောပြခဲ့ပါတယ်။

သင်ဒါတွေကို သိပါသလား..သင်ဒါတွေကို သတိထားမိပါသလား

(၁)Vatican City က ကမ္ဘာပေါ်မှာ အသေးဆုံး နိုင်ငံဖြစ်ပြီး
လူဦးရေ ၁၀၀၀ ကျော် နဲ့ အကျယ်အ၀န်းက ၁၀၈.၇ ဧကပဲရှိတယ်။

(၂) Suicide Statistics တွေအရ တင်္နလာနေ့က
ကိုယ့်ကိုယ်ကို သတ်သေမှုအများဆုံးနေ့ဖြစ်တယ်။

(၃) ကမ္ဘာပေါ်မှာ နာမည် ပေးအများဆုံးနာမည်က မိုဟာမက် ဖြစ်ပါတယ်။

(၄)တစ်နှစ်ကုန်သွားတိုင်း သင့် ခန္ဒာကိုယ်ထဲက atoms 98% က အစားထိုးသွားတယ်။

(၅) သင်ကြိုက်ရာနံပါတ်တစ်ခုကို မှတ်ပြီး ..
အဲဒီကောင်ကို ၂ ဆတိုး၊ ၁၀ ပေါင်း၊ ၂ နဲ့စား ပြီးတော့
မူလမှတ်ထားတဲ့ နံပါတ်ပြန်နှုတ်လိုက်ရင် ရလာမယ့် အဖြေက ၅ ဖြစ်ပါတယ်။

(၆)Dominica, Mexico, Zambia, Kiribati, Fiji နဲ့ Egypt
အလံတွေမှာ ငှက်ပုံတွေပါကြတယ်။

(၇)M&M Chocolate က စစ်သားတွေကို လက်မှာ ကပ်စီးဖြစ်မနေပဲ
စားနိုင်အောင် တီထွင်ခဲ့တဲ့ပထမဆုံး ချောကလက် ဖြစ်ပါတယ်။

(၈)ကမ္ဘာလူဦးရေရဲ့ တစ်ဝက်လောက်က
James Bond 007 ဇာတ်ကား ကြည့်ဖူးကြတယ်။

(၉)နှစ်စဉ်တိုးပြီးသုံးလာတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့
သံလိုက်စွဲအားကြောင့် ကမ္ဘာကြီးဟာ 2327 ခုနှစ်မှာ
မြောက်ဝန်ရိုးစွန်းက လက်ရှိ Mid-Kansas နေရာရောက်လာမှာ ဖြစ်ပြီး
တောင်ဝန်ရိုးစွန်းက အာဖရိက အရှေ့ပိုင်းနေရာကို ရောက်လာမှာ ဖြစ်ပါတယ်။

(၁၀)အမေရိကန်က Major League Baseball (MLB) ကစားသမားတွေက
မဖြစ်မနေ အောက်ခံဘောင်းဘီ အနက်ရောင် ၀တ်ရပါတယ်
ဘာလို့လဲဆိုတော့ ကစားနည်းက ဘောင်းဘီဂွပြဲနိုင်တဲ့ အတွက်ပါ။

(၁၁)ဇီးကွက် က ငှက်တွေထဲမှာ အပြာရောင်က
ို မြင်နိုင်တဲ့ တစ်မျိုးထဲသော ငှက်ဖြစ်ပါတယ်။

(၁၂)Olympic အလံက စက်ဝိုင်းအရောင်တွေက
အနီ၊ အနက်၊ အပြာ၊ အစိမ်း၊ အ၀ါ နဲ့ အဖြူခံပေါ်မှာ ဆွဲထားတာက
ကမ္ဘာပေါ်က နိုင်ငံတွေ အလံတိုင်းမှာ
အနည်းဆုံး အဲဒီ အရောင် ၁ ရောင်ပါလို့ ဖြစ်ပါတယ်။

(၁၃)ကမ္ဘာအကြီးဆုံး McDonald ဆိုင်က Beijing, China မှာ ရှိပြီးတော့
square feet 28,000 ရှိပြီး ငွေရှင်းကောင်တာ ၂၉ ခုရှိပါတယ်။

(၁၄)La Paz, Bolivia မြို့က ကမ္ဘာပေါ်မီးလောင်မှု အနည်းဆုံး မြို့ ဖြစ်ပါတယ်။
ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁ သောင်း ၂ ထောင် ကျော်မြင့်တဲ့
အတွက် လေထုထဲမှာ ပါဝင်တဲ့ oxygen ပမာဏက
မီးလောင်ရလောက်အောင် မပါတော့တဲ့ အတွက်ပါ။

(၁၅)အပြာရောင် ဝေလငါးတွေ က ထုတ်တဲ့ အသံက 188 Decibels ရှိပြီး
ကမ္ဘာပေါ်က သက်ရှိတွေထဲမှာ အကျယ်ဆုံး အသံထုတ်နိုင်တဲ့
သတ္တ၀ါဖြစ်ပြီး အသံကို မိုင်ပေါင်း ၅၃၀ အကွာကနေတောင် ကြားရနိုင်ပါတယ်။

(၁၆)ကြက် နဲ့ ဘဲ က လူတွေစားတဲ့ အသားထဲမှာ မမွေးခင် ဥ
အနေနဲ့ကော သေပြီးတဲ့ အထိပါစားတဲ့ အကောင်တွေဖြစ်ပါတယ်။

(၁၇)လူတွေသေတဲ့ အခါမှာ နောက်ဆုံး
အလုပ်လုပ်သွားတဲ့ အာရုံက အကြား အာရုံ ဖြစ်ပါတယ်။

(၁၈)အမေရိကန်က WAL-MART စတိုးဆိုင်က
၇ မိနစ်တိုင်းမှာ $ 3,000,000.00 ပျမ်းမျှ အမြတ်ရတယ်။

(၁၉)ဘီယာကြော်ငြာ အများစုမှာ ဘီယာမှာ
အမြုပ်များများ ထွက်ဖို့ အတွက် ဆပ်ပြာရည်တွေ ထည့်သုံးကြပါတယ်။

(၂၀)ပန်းသီးပင်က နှင်းဆီပန်းပင် အမျိုးအနွယ်ဖြစ်ပါတယ်။
Bill Hanna နဲ့ Joe Barbera တို့က Tom & Jerry ကို ၁၉၃၉ မှာ စပြီး ဖန်တီးခဲ့ကြတယ်။

(၂၁)ဘဏ်ဓားပြ တိုက်နေတဲ့ အချိန်မှာ
အသတ်ခံရဆုံးလူတွေက ဘဏ်ဓားပြတွေသာဖြစ်တယ်။

(၂၂)၁၉၀၇ ခုနှစ်ရဲ့ နှစ်သစ်ကူးနေ့မှာ Theodore Roosevelt က
လူပေါင်း 8513 ယောက်ကို လက်ဆွဲ နှုတ်ဆက်ခဲ့ပါတယ်။

(၂၃)Alexander Graham Bell က သူ့ မိန်းမ နဲ့ အမေ ကို
တစ်ခါမှဖုန်း မခေါ်ခဲ့ဖူးဘူး ဘာလို့လဲဆိုတော့ သူတို့က နားမကြား ကြလို့ဖြစ်ပါတယ်။

(၂၄)ကမ္ဘာပေါ်က ရေ ရဲ့ ၂ ရာခိုင်နှုန်းသာ သန့်ရှင်းတဲ့ ရေဖြစ်တယ်။

(၂၅)Neil Armstrong လပေါ်ကို ခြေချတုန်းက
ဘယ်ဘက် ခြေထောက် အရင်ချခဲ့တာ ဖြစ်ပါတယ်။

(၂၆)အက်စကီးမိုး တွေဟာ ရေခဲသေတ္တာကို
စားစရာတွေ မခဲဖို့ အတွက်သုံးပါတယ်။

(၂၇)အမေရိကန် ၄ ယောက်တိုင်းမှာ
၁ ယောက်က တီဗီ မှာ ပါဖူးကြတဲ့ သူတွေဖြစ်ပါတယ်။

(၂၈)Sunday နဲ့ စတဲ့ လတိုင်းမှာ “Friday 13th” ဆိုတာ ရှိပါတယ်

အားလုံး ဗဟုသုတ အပေါင်းနဲ့ ပြည့်စုံကြပါစေ..........

Credit to >>>>
ဝန်ခံချက်။ ။ FDW Mail မှ

အချစ်ဆိုတာ ... တကယ်ချစ်တတ်လာပြီဆိုရင် ...

သီချင်းများ


ကိုရီးယားကားတွေ free download လုပ်မယ်ဆိုရင်တော့

http://moviespsuut.blogspot.com/